Index
stringlengths
1
3
Question
stringlengths
23
78
Response
stringlengths
70
386
ဘောလုံး အားကစား ဆိုတာဘာလဲ။
ဘောလုံး အားကစားဆိုတာ တစ်သင်းကို ကစားသမား ၁၁ ယောက်စိနဲ့ နှစ်ဖက်အသင်း ယှဥ်ပြိုင်ကစားရပြီး ပြိုင်ဘက် ဂိုးပေါက်သို့ ဘောလုံးကို ၀င်အောင်သွင်းရတဲ့ ကစားနည်းဖြစ်ပြီး ကမ္ဘာ့အကျော်ကြားဆုံး အားကစား တစ်ခုဖြစ်ပါတယ်။
ဘောလုံးအားကစားနည်း ဘယ်ကစလဲ။
ဘောလုံးအားကစားနည်းကို အင်္ဂလန်နိုင်ငံမှာ ၁၉ ရာစုလယ်ပိုင်းက စတင်ခဲ့ပြီး ယနေ့ကမ္ဘာတစ်ဝှမ်းလုံးတွင် အထူးအားပေးကြပါတယ်။
ဘောလုံး အားကစားနည်း အကြောင်း ပြောပြပါ။
ဘောလုံးအားကစားနည်းမှာ ကစားသမား ၁၁ ယောက်ပါသော အသင်းနှစ်သင်း အပြိုင်အဆိုင်ကစားရပြီး ပွဲကစားချိန် အတွင်း ပြိုင်ဘက်အသင်းကို ဂိုးပိုသွင်းနိုင်သော အသင်းက အနိုင်ရရှိပါတယ်။
လူကျွံဘော (Offside) ဆိုတာဘာလဲ။
လူကျွံဘောဆိုတာ ကစားသမားတစ်ဦးဟာ ပြိုင်ဘက် အသင်းက နောက်ဆုံး ကစားသမားထက် ကျော်ပြီး ရှေ့မှာရှိနေစဉ် ဘောလုံးကို လက်ခံ ရယူသွားနိုင် ခြင်းကိုဆိုလိုတာပါ။ ကိုယ်အသင်းက လူကျွံဘော ဖြစ်သွားတဲ့ အခါမှာ ပြိုင်ဘက်အသင်းက အဆိုပါ လူကျွံဘော ဖြစ်တဲ့နေရာကနေ ထပ်ဆင့် တည်ကန်ဘော (Indirect Free Kick) ရရှိပါတယ်။
ဂိုးလွန်ဘော (Goal Kick) ဆိုတာဘာလဲ။
ဂိုးလွန်ဘော (Goal Kick) ဆိုတာ ဂိုးသွင်းယူရန် ကြိုးစားနေတဲ့ အသင်းရဲ့ကစားသမားနဲ့ နောက်ဆုံးထိပြီး ဂိုးပေါက်ကို မ၀င်ဘဲ ပြိုင်ဘက်အသင်းရဲ့ ဂိုးစည်းကို ကျော်သွားသော အခြေအနေကို ဆိုလိုပါတယ်။
ထောင့်ကန်ဘော (Corner Kick) ဆိုတာဘာလဲ။
ထောင့်ကန်ဘော (Corner Kick) ဆိုတာ ဘောလုံးက ခံစစ်ကစားနေရသော အသင်းက ကစားသမားနဲ့ နောက်ဆုံး ထိပြီး ဂိုးလွန်ဘော ဖြစ်သွားသော အခါ တိုက်စစ်ဆင်တဲ့ အသင်းက ကွင်းရဲ့ ထောင့်ကနေ စတင်ပြီး ကန်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အလွတ်တည်ကန်ဘော (Direct Free Kick) ဆိုတာဘာလဲ။
အလွတ်တည်ကန်ဘောဆိုတာ ပြိုင်ဘက်အသင်းက ကိုယ့်အသင်းကစားသမားကို ဂိုး Area ထိပ်နားမှာ ပြစ်ဒဏ်ဘော ကျူးလွန်မိတဲ့အခါ သို့မဟုတ် ဘောလုံးကို လက်နဲ့ ထိမိတဲ့ အခါမှာ ကန်သွင်းခွင့် ရသောအခွင့်အရေးဖြစ်ပြီး ပြိုင်ဘက်နောက်တန်းများက ကန်သွင်းမှုကို ပိတ်ဆို့ ကာကွယ်နိုင်ပါတယ်။
ထပ်ဆင့် တည်ကန်ဘော (Indirect Free Kick) ဆိုတာဘာလဲ။
ထပ်ဆင့် တည်ကန်ဘောဆိုတာ ပြိုင်ဘက်အသင်းက ကိုယ့်အသင်းကစားသမားကို ဂိုး Area နဲ့ ၀ေးတဲ့ အတန်အသင့်နေရာ မှာ ပြစ်ဒဏ်ဘော ကျူးလွန်မိတဲ့အခါ သို့မဟုတ် ဘောလုံးကို လက်နဲ့ ထိမိတဲ့ အခါမှာ သို့မဟုတ် လူကျွံသွားတဲ့ အခါ ဘောလုံးကို ကိုယ်အသင်းက ကန်ခွင့်ရတဲ့ နေရာတစ်ခုကနေ စတင်ပြီး ကန်ရသောအခြေအနေ ဖြစ်ပြီး ဂိုးထဲသို့ တိုက်ရိုက်ကန်သွင်းခွင့်မရဘဲ ပြိုင်ဘက်နောက်တန်းများက ကန်သွင်းမှုကို ပိတ်ဆို့ ကာကွယ်နိုင်ပါတယ်။
ပင်နယ်တီ (Penalty) ဆိုတာဘာလဲ။
ပင်နယ်တီဆိုတာ ပြိုင်ဘက်အသင်းက ကိုယ့်အသင်းကစားသမားကို ဂိုး Area ထဲမှာ ပြစ်ဒဏ်ဘော ကျူးလွန်မိတဲ့အခါ သို့မဟုတ် ဘောလုံးကို လက်နဲ့ ထိမိတဲ့ အခါမှာ ကန်သွင်းခွင့် ရသောအခွင့်အရေးဖြစ်ပြီး ပြိုင်ဘက် အသင်းမှာ ဂိုးသမားက လွဲရင် အခြားကစားသမားများ ကာကွယ်ထားခြင်းမရှိဘဲ ဂိုး Area ထိပ်ကနေ ကန်သွင်းခွင့် ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
၁၀
လက်ပစ်ဘော (Handball) ဆိုတာဘာလဲ။
လက်ပစ်ဘောဆိုတာ ဘောလုံးက ပြိုင်ဘက်အသင်းရဲ့ ကစားသမားနဲ့ နောက်ဆုံးထိပြီး ဘေးစည်းကိုထွက်သွားတဲ့ အခါမှာ တစ်ဖက်အသင်းက ဘောလုံးကို ထွက်သွားတဲ့ ဘေးစည်းနားကနေ လက်နဲ့ မြှောက်တင်ပြီး စတင်ကစားခွင့်ရသော အခြေအနေ ဖြစ်ပါတယ်။
၁၁
အါကတ် (Yellow Card) ဆိုတာဘာလဲ။
အ၀ါကတ်ဆိုတာက ကစားသမားတစ်ယောက်က စောဒက တက်လွန်းခြင်း၊ ပြစ်ဒဏ်ဘော ကျူးလွန်ခြင်း၊ Jersey ချွတ် အောင်ပွဲခံခြင်း၊ အချိန်ဆွဲခြင်း၊ ဟန်ဆောင်ပြီး တစ်ဖက်အသင်းက ပြစ်ဒဏ်ဘော ဖြစ်အောင်ကျူးလွန်ခြင်း စတဲ့ အခြေအနေတွေမှာ ဒိုင်လူကြီးက သတိပေးတဲ့ အနေနဲ့ ပြသသော ကတ်ဖြစ်ပါတယ်။
၁၂
အနီကတ် (Red Card) ဆိုတာဘာလဲ
အနီကတ်ဆိုတာ ကစားသမားတစ်ယောက်ကို ကစားပွဲအတွင်းမှ ထုတ်ပယ်တဲ့ အခါမှာ ဒိုင်လူကြီးက ပြသသော ကတ်ဖြစ်ပြီး ဆိုးရွားသော ပြစ်ဒဏ်ဘော ကျူးလွန်မှုများ၊ စည်းကမ်းများကို မလိုက်နာမှုများတွင် အနီကတ်ပြလေ့ ရှိပြီး အ၀ါကတ် နှစ်ကြိမ် ပြသခံရပါက အနီကတ် ထိမှာ ဖြစ်ပါတယ်။
၁၃
ဘောလုံးလောက က နာမည်ကြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘာတွေလဲ။
Fifa, UEFA, AFC, AFF တို့က နာမည်ကြီး ဘောလုံး အဖွဲ့အစည်းများ ဖြစ်ပါတယ်။
၁၄
ဘောလုံးကွင်း Area ဘယ်လောက်ရှိလဲ။
ဘောလုံးကွင်း၏ အရွယ်အစားက ၁၀၀ မီတာမှ ၁၁၀ မီတာအထိရှည်ပြီး ၆၄ မီတာမှ ၇၅ မီတာအထိ အကျယ်ရှိပါတယ်။
၁၅
ဂိုးပေါက်တစ်ခုရဲ့ အလျားနဲ့ အနံကို ဖော်ပြပါ။
ဂိုးပေါက်တစ်ခုရဲ့ အလျားမှာ ၇.၃၂ မီတာ (၂၄ ပေ) ရှိပြီး အနံမှာ ၂.၄၄ မီတာ (၈ ပေ) ဖြစ်ပါတယ်။
၁၆
ဂိုးသမား (Goalkeeper) နေရာ အကြောင်း ဖော်ပြပါ။
ဂိုးသမားက ဘောလုံးရဲ့ ဂိုးကိုကာကွယ်သည့်အရေးကြီးဆုံးနေရာဖြစ်ပြီး, ဘောလုံးကိုလက်နှင့်ထိခိုက်ခွင့်ရရှိတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်။
၁၇
ဘယ်နောက်ခံကစားသမား (Left Back) နေရာ အကြောင်း ဖော်ပြပါ။
ဘယ်နောက်ခံ ကစားသမားက ဘယ်ဖက်ခြမ်းတွင် ကစားပြီး, ခံစစ်ကိုအကာအကွယ်ပေးခြင်းနှင့် တိုက်စစ်ဆင်မှုများအတွက် ကူညီပေးတယ်။
၁၈
ညာနောက်ခံကစားသမား (Right Back) နေရာ အကြောင်း ဖော်ပြပါ။
ညာနောက်ခံ ကစားသမားက ညာဖက်ခြမ်းတွင် ခံစစ်တာဝန်များကို လုပ်ဆောင်တယ်။ တိုက်ရိုက်ပြိုင်ဘက်များကို တားဆီးပေးတယ်။
၁၉
ဗဟိုခံစစ်ကစားသမား (Center Back) နေရာ အကြောင်း ဖော်ပြပါ။
ဗဟိုခံစစ်က နောက်တန်းအလယ်တွင် ဂိုးကို ကာကွယ်ပေးတယ်။ ပြိုင်ဘက်တိုက်စစ်သမားများနှင့် ရင်ဆိုင်ပြီး ဘောလုံးကို ဖြတ်ထုတ်တတ်တယ်။
၂၀
ကွင်းလယ်ခံစစ်ကစားသမား (Defensive Midfielder) နေရာ အကြောင်း ဖော်ပြပါ။
ကွင်းလယ်ခံစစ်က တန်ပြန်တိုက်စစ်များကို ကာကွယ်ပြီး, ကွင်းလယ်မှာ ပြိုင်ဘက်ရဲ့တိုက်စစ်ဆင်မှုများကို ဖြတ်တောက်တတ်တယ်။
၂၁
ဗဟိုကွင်းလယ်ကစားသမား (Central Midfielder) နေရာ အကြောင်း ဖော်ပြပါ။
ဗဟိုကွင်းလယ်က ကွင်းလယ်ပိုင်းတွင် ကစားပြီး, တိုက်စစ်ဖန်တီးခြင်း နှင့် နောက်တန်း၊ ရှေ့တန်းအကြား ချိတ်ဆက်ပေးတတ်တယ်။
၂၂
ကွင်းလယ်တိုက်စစ်ကစားသမား (Attacking Central Midfielder) နေရာ အကြောင်းဖော်ပြပါ။
ကွင်းလယ်တိုက်စစ်ကစားသမားက တိုက်စစ်အနေအထားမှာ ကစားပြီး နေရာလွတ်များကို ရှာဖွေကစားဖို့၊ ပြိုင်ဘက်ဂိုးကို တိုက်ဖို့၊ ဂိုးဖန်တီးပေးဖို့ အဓိကတာဝန်ယူတယ်။
၂၃
ကွင်းလယ်ဘယ်တောင်ပံကစားသမား (Left Midfielder) နေရာ အကြောင်းဖော်ပြပါ။
ကွင်းလယ်ဘယ်တောင်ပံကစားသမားက ကွင်းလယ်ပိုင်းရဲ့ ဘယ်ဖက်မှာ ကစားပြီး တိုက်စစ်နဲ့ ကစားကွက်ချိတ်ဆက်ပေးဖို့ တာဝန်ယူတယ်။
၂၄
ကွင်းလယ်ညာတောင်ပံကစားသမား (Right Midfielder) နေရာ အကြောင်းဖော်ပြပါ။
ကွင်းလယ်ညာတောင်ပံကစားသမားက ကွင်းလယ်ပိုင်းရဲ့ ညာဖက်မှာ ကစားပြီး တိုက်စစ်နဲ့ ကစားကွက်ချိတ်ဆက်ပေးဖို့ တာဝန်ယူတယ်။
၂၅
ဘယ်တောင်ပံကစားသမား (Left Winger) နေရာ အကြောင်းဖော်ပြပါ။
ဘယ်တောင်ပံကစားသမားက ဘယ်အစွန်းမှာ ကစားပြီး တစ်ကိုယ်တော်စွမ်းရည်နဲ့ အရှိန်မြင့်တိုက်စစ်ဆင်ကစားတယ်။ သူတို့က တိုက်စစ်ဆင်ခြင်း၊ ပြိုင်ဘက်ကို ဖြတ်ပြီး ဂိုးသွင်းဖို့နဲ့ ဂိုးဖန်တီးပေးဖို့ အဓိကတာဝန်ရှိတယ်။
၂၆
ညာတောင်ပံကစားသမား (Right Winger) နေရာ အကြောင်းဖော်ပြပါ။
ညာတောင်ပံကစားသမားက ညာအစွန်းမှာ ကစားပြီး တစ်ကိုယ်တော်စွမ်းရည်အသုံးပြုကာ တိုက်စစ်ဆင်ကစားတယ်။ ဂိုးသွင်းခြင်း၊ ပြိုင်ဘက်ကို ဖြတ်ပြီးတိုက်ဖို့နဲ့ ဂိုးဖန်တီးဖို့ အဓိကတာဝန်ယူတယ်။
၂၇
ညာတောင်ပံတိုက်စစ်ကစားသမား (Right Winger Forward) နေရာ အကြောင်း ဖော်ပြပါ။
ညာတောင်ပံတိုက်စစ်က ရှေ့တန်းဦးဆောင်သော တိုက်စစ်ဖန်တီးသူတစ်ဦးဖြစ်ပြီး, ဂိုးသွင်းရန်အတွက် အမြဲရှာဖွေတတ်တယ်။
၂၈
ဘယ်တောင်ပံတိုက်စစ်ကစားသမား (Left Winger Forward) နေရာ အကြောင်း ဖော်ပြပါ။
ဘယ်တောင်ပံတိုက်စစ်ကစားသမားက ဘယ်အစွန်းပိုင်းမှာ တိုက်စစ်ဆင်ကစားတယ်။ သူတို့က တစ်ကိုယ်တော်စွမ်းရည်နဲ့ အမြန်နှုန်းကို အသုံးပြုကာ ပြိုင်ဘက်ကို ဖြတ်ကျော်ပြီး ဂိုးသွင်းယူမှုတွေနဲ့ တိုက်စစ်မှုကို အားကောင်းစွာပြုလုပ်တယ်။
၂၉
နောက်ချန်တိုက်စစ်ကစားသမား (Second Striker) နေရာ အကြောင်း ဖော်ပြပါ။
နောက်ချန်တိုက်စစ်ကစားသမားနေရာ က တိုက်စစ် လမ်းကြောင်းများအတွက် အခွင့်အရေးများ ပြုလုပ်ဖန်တီးရပြီး ဂိုးဖန်တီးမှုများ၊ တိုက်ရိုက်ဂိုးသွင်းမှုများ နဲ့ ပြိုင်ဘက်ခံစစ် ကစားသမားများကို အာရုံလွှဲ ခြင်းများ ပြုလုပ်ရပါတယ်။
၃၀
အထောင်တိုက်စစ်ကစားသမား (Central Forward) နေရာ အကြောင်း ဖော်ပြပါ။
အထောင်တိုက်စစ်က ရှေ့တန်း၏အဓိကဂိုးသွင်းသူဖြစ်ပြီး, အသင်းအတွက် အဓိကတာဝန်ရှိသူဖြစ်ပါတယ်။
၃၁
နောက်ခံလူများ (Defenders) အကြောင်း ဖော်ပြပါ။
နောက်ခံကစားသမားများက ဂိုးကို ကာကွယ်ပေးပြီး, ပြိုင်ဘက်တိုက်စစ်ဆင်မှုများကို ထိန်းချုပ်ကာကွယ်တတ်တယ်။
၃၂
ကွင်းလယ်ကစားသမားများ (Midfielders) အကြောင်း ဖော်ပြပါ။
ကွင်းလယ်ကစားသမားများက ကွင်းအလယ်ပိုင်းတွင် အဓိက ကစားပြီး, ကာကွယ်မှုနှင့် တိုက်စစ်ဆင်မှုကြား ချိတ်ဆက်ပေးတတ်တယ်။
၃၃
ရှေ့တန်းကစားသမားများ (Forwards) အကြောင်း ဖော်ပြပါ။
ရှေ့တန်းကစားသမားများက ဂိုးသွင်းရန် အဓိက တာဝန်ယူပြီး, ဂိုးသွင်းရန်အခွင့်အလမ်းများ ဖန်တီးတတ်တယ်။
၃၄
တိုက်စစ်ကစားသမားများ (Attackers/Strikers) အကြောင်း ဖော်ပြပါ။
တိုက်စစ်ကစားသမားများက အသင်းရဲ့ အဓိကဂိုးသွင်းသူများဖြစ်ပြီး, ပြိုင်ဘက်ဂိုးကို တိုက်ရိုက်ဂိုးသွင်းခြင်းနှင့် ရင်ဆိုင်ခြင်းများပြုလုပ်တတ်တယ်။
၃၅
၄-၂-၃-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစား လေးယောက်၊ ကွင်းလယ် ခံစစ် နှစ်ယောက်၊ တိုက်စစ်ပိုင်းအတွက် ကွင်းလယ် ကစားသမာ သုံးယောက် နဲ့ အထောင်တိုက်စစ်မှုတစ်ယောက်ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၃၆
၄-၄-၂ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစား လေးယောက်၊ ကွင်းလယ် ကစားသမား လေးယောက်၊ တိုက်စစ် ကစားသမား နှစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၃၇
၄-၃-၃ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစား လေးယောက်၊ ကွင်းလယ် ကစားသမား သုံးယောက်၊ တိုက်စစ် ကစားသမား သုံးယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၃၈
၄-၅-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား လေးယောက်၊ ကွင်းလယ် ကစားသမား ငါးယောက်၊ အထောင် တိုက်စစ် ကစားသမား တစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၃၉
၄-၃-၂-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစား လေးယောက်၊ ကွင်းလယ် ခံစစ် သုံးယောက်၊ တိုက်စစ်ပိုင်းအတွက် ကွင်းလယ် ကစားသမား နှစ်ယောက် နဲ့ အထောင်တိုက်စစ်မှုတစ်ယောက်ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၀
၄-၁-၄-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား လေးယောက်၊ ဗဟို ခံစစ် ကစားသမား တစ်ယောက်၊ ကွင်းလယ် ကစားသမား လေးယောက်၊ အထောင် တိုက်စစ် ကစားသမား တစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၁
၄-၂-၄ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစား လေးယောက်၊ ကွင်းလယ် ကစားသမား နှစ်ယောက်၊ တိုက်စစ် ကစားသမား လေးယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၂
၄-၄-၁-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား လေးယောက်၊ ကွင်းလယ် ကစားသမား လေးယောက်၊ အထောင် တိုက်စစ် ကစားသမား တစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၃
၃-၄-၃ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား သုံးယောက်၊ ကွင်းလယ် ကစားသမား လေးယောက်၊ တိုက်စစ် ကစားသမား သုံးယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၄
၃-၅-၂ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား သုံးယောက်၊ ကွင်းလယ် ကစားသမား ငါးယောက်၊ တိုက်စစ် ကစားသမား နှစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၅
၃-၆-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား သုံးယောက်၊ ကွင်းလယ် ကစားသမား ခြောက်ယောက်၊ တိုက်စစ် ကစားသမား တစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၆
၃-၂-၄-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား သုံးယောက်၊ ကွင်းလယ် ခံစစ်ကစားသမား နှစ်ယောက်၊ ဗဟို ကွင်းလယ် ကစားသမား လေးယောက်၊ တိုက်စစ် ကစားသမား တစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၇
၃-၄-၂-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား သုံးယောက်၊ ကွင်းလယ်စားသမား လေးယောက်၊ နောက်ချန် ကွင်းလယ် ကစားသမား တိုက်စစ် ကစားသမား နှစ်ယောက်၊ တိုက်စစ် ကစားသမား တစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၈
၅-၂-၃ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား ငါးယောက်၊ ကွင်းလယ် ကစားသမား နှစ် ယောက်၊ တိုက်စစ် ကစားသမား သုံး ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၄၉
၅-၃-၂ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား ငါးယောက်၊ ကွင်းလယ် ကစားသမား သုံး ယောက်၊ တိုက်စစ် ကစားသမား နှစ် ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၅၀
၅-၄-၁ ကစားကွက် အကြောင်းဖော်ပြပါ
ခံစစ်ကစားသမား ငါးယောက်၊ ကွင်းလယ် ကစားသမား လေးယောက်၊ တိုက်စစ် ကစားသမား တစ်ယောက် ပါ၀င်သော ကစားကွက် ပုံစံဖြစ်ပါတယ်။
၅၁
Premier League ပြိုင်ပွဲ အကြောင်းဖော်ပြပါ။
Premier League ဟာ အင်္ဂလန်နိုင်ငံရဲ့ ဘောလုံး League နိုင်ငံတကာက ကြည့်ရှုမှု နှုန်း အများဆုံး League ပြိင်ပွဲ တစ်ခြ ဖြစ်ပါတယ်။
၅၂
စပိန် La Liga ပြိုင်ပွဲ အကြောင်းဖော်ပြပါ။
La Liga ဟာ စပိန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်ပြီး Real Madrid နှင့် FC Barcelona တို့ဟာ La Liga ရဲ့ နာမည်ကြီး အသင်းတွေဖြစ်ပါတယ်။
၅၃
အီတလီ Serie A ပြိုင်ပွဲ အကြောင်းဖော်ပြပါ။
Serie A ဟာ အီတလီနိုင်ငံရဲ့ အကောင်းဆုံး ဘောလုံးပြိုင်ပွဲဖြစ်ပြီး Juventus, AC Milan, Inter Milan တို့က နာမည်ကြီး အသင်းများဖြစ်ကြပါတယ်။
၅၄
ပြင်သစ် League 1 ပြိုင်ပွဲ အကြောင်းဖော်ပြပါ။
League 1 ဟာ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ ဘောလုံးပြိုင်ပွဲဖြစ်ပြီး Paris Saint-Germain (PSG) က နိုင်ငံရဲ့ နာမည်ကြီးအသင်းတစ်ခုဖြစ်ပါတယ်။
၅၅
ဂျာမန် Bundesliga အကြောင်း ဖော်ပြပါ။
Bundesliga ဟာ ဂျာမန်နိုင်ငံရဲ့ အဓိကဘောလုံးပြိုင်ပွဲဖြစ်ပြီး Bayern Munich နဲ့ Dortmund တို့က နာမည်ကြီး အသင်းတွေဖြစ်ပါတယ်။
၅၆
အမေရိကန် မေဂျာ League အကြောင်းဖော်ပြပါ။
Major League Soccer (MLS) ဟာ အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံး ဘောလုံးပြိုင်ပွဲဖြစ်ပြီး Inter Miami ၊ LA Galaxy တို့က နာမည်ကြီး အသင်းတွေ ဖြစ်ပါတယ်။
၅၇
Saudi Pro League အကြောင်း ဖော်ပြပါ။
Saudi Pro League ဟာ ဆော်ဒီအာရေဗျာနိုင်ငံရဲ့ ထိပ်တန်း ဘောလုံးပြိုင်ပွဲဖြစ်ပြီး Al Nassr, Al Hilal, Al Ittihad တို့ဟာ ထင်ရှားတဲ့အသင်းများဖြစ်ပါတယ်။
၅၈
Campeonato Brasileiro Série A အကြောင်း ဖော်ပြပါ။
Campeonato Brasileiro Série A ဟာ ဘရာဇီးနိုင်ငံရဲ့ ထိပ်တန်း ဘောလုံးပြိုင်ပွဲဖြစ်ပြီး Flamengo နှင့် Palmeiras တို့က အကျော်ကြားဆုံး အသင်းများဖြစ်ပါတယ်။
၅၉
Argentine Primera División အကြောင်း ဖော်ပြပါ။
Argentine Primera División ဟာ အာဂျင်တီးနားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်ပြီး Boca Juniors နှင့် River Plate တို့ဟာ နာမည်ကြီး အသင်းများဖြစ်ပါတယ်။
၆၀
Eredivisie အကြောင်း ဖော်ပြပါ။
Eredivisie ဟာ နယ်သာလန်နိုင်ငံရဲ့ အဓိကဘောလုံးပြိုင်ပွဲဖြစ်ပြီး Ajax Amsterdam နှင့် PSV Eindhoven တို့ဟာ ထင်ရှားသောအသင်းများဖြစ်ကြပါတယ်။
၆၁
J1 League အကြောင်း ဖော်ပြပါ။
J1 League ဟာ ဂျပန်နိုင်ငံရဲ့ အထင်ကရ ဘောလုံးပြိုင်ပွဲဖြစ်ပြီး Kawasaki Frontale နှင့် Yokohama F. Marinos တို့ဟာ ထိပ်တန်းအသင်းများဖြစ်ကြပါတယ်။
၆၂
Scottish Premiership အကြောင်း ဖော်ပြပါ။
Scottish Premiership ဟာ စကော့တလန်နိုင်ငံရဲ့ ထိပ်တန်းပြိုင်ပွဲဖြစ်ပြီး Celtic နှင့် Rangers တို့ဟာ အမြဲပြိုင်ဆိုင်နေသော ထိပ်တန်း အသင်းများဖြစ်ကြပါတယ်။
၆၃
Super Lig (Turkey) အကြောင်း ဖော်ပြပါ။
Super Lig ဟာ တူရကီနိုင်ငံရဲ့ အထင်ကရ ပြိုင်ပွဲဖြစ်ပြီး Galatasaray နှင့် Fenerbahçe တို့ဟာ နိုင်ငံရဲ့ ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၆၄
Primeira Liga (Portugal) အကြောင်း ဖော်ပြပါ။
Primeira Liga ဟာ ပေါ်တူဂီနိုင်ငံရဲ့ အကောင်းဆုံး ဘောလုံးပြိုင်ပွဲဖြစ်ပြီး FC Porto, Benfica, Sporting CP တို့က ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၆၅
Russian Premier League အကြောင်း ဖော်ပြပါ။
Russian Premier League ဟာ ရုရှားနိုင်ငံရဲ့ ထိပ်တန်းဘောလုံးပြိုင်ပွဲဖြစ်ပြီး Zenit ၊ Saint Petersburg ဟာ အထင်ကရအသင်းဖြစ်ပါတယ်။
၆၆
Belgian Pro League အကြောင်း ဖော်ပြပါ။
Belgian Pro League ဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ အဓိကဘောလုံးပြိုင်ပွဲဖြစ်ပြီး Club Brugge နှင့် Anderlecht တို့က ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၆၇
Chinese Super League အကြောင်း ဖော်ပြပါ။
Chinese Super League ဟာ တရုတ်နိုင်ငံရဲ့ အကောင်းဆုံး ဘောလုံးပြိုင်ပွဲဖြစ်ပြီး Guangzhou FC နှင့် Beijing Guoan တို့က ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၆၈
A-League (Australia) အကြောင်း ဖော်ပြပါ။
A-League ဟာ ဩစတြေးလျနိုင်ငံရဲ့ ထိပ်တန်းဘောလုံးပြိုင်ပွဲဖြစ်ပြီး Sydney FC နှင့် Melbourne Victory တို့က အဓိကအသင်းများဖြစ်ပါတယ်။
၆၉
Swiss Super League အကြောင်း ဖော်ပြပါ။
Swiss Super League ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ အထင်ကရပြိုင်ပွဲဖြစ်ပြီး FC Basel နှင့် Young Boys တို့က ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၇၀
Austrian Bundesliga အကြောင်း ဖော်ပြပါ။
Austrian Bundesliga ဟာ အော်စတီးရီးယားနိုင်ငံရဲ့ အထင်ကရဘောလုံးပြိုင်ပွဲဖြစ်ပြီး Red Bull Salzburg ဟာ အထင်ကရအသင်းဖြစ်ပါတယ်။
၇၁
MLS Next Pro အကြောင်း ဖော်ပြပါ။
MLS Next Pro ဟာ အမေရိကန်နိုင်ငံရဲ့ အသစ်ထွက်ပေါ်လာတဲ့ ဘောလုံးပြိုင်ပွဲဖြစ်ပြီး အသွင်အပြင်ဆန်းသစ်သော ကစားနည်းများလည်းပါဝင်ပါတယ်။
၇၂
K League 1 (South Korea) အကြောင်း ဖော်ပြပါ။
K League 1 ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရပြိုင်ပွဲဖြစ်ပြီး Jeonbuk Hyundai Motors နှင့် Ulsan Hyundai တို့က ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၇၃
Allsvenskan (Sweden) အကြောင်း ဖော်ပြပါ။
Allsvenskan ဟာ ဆွီဒင်နိုင်ငံရဲ့ ထိပ်တန်းပြိုင်ပွဲဖြစ်ပြီး Malmö FF နှင့် AIK တို့က ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၇၄
Ukrainian Premier League အကြောင်း ဖော်ပြပါ။
Ukrainian Premier League ဟာ ယူကရိန်းနိုင်ငံရဲ့ အထင်ကရပြိုင်ပွဲဖြစ်ပြီး Shakhtar Donetsk နှင့် Dynamo Kyiv တို့က ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၇၅
Ekstraklasa (Poland) အကြောင်း ဖော်ပြပါ။
Ekstraklasa ဟာ ပိုလန်နိုင်ငံရဲ့ အကောင်းဆုံး ဘောလုံးပြိုင်ပွဲဖြစ်ပြီး Legia Warsaw နှင့် Lech Poznań တို့က ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၇၆
Danish Superliga အကြောင်း ဖော်ပြပါ။
Danish Superliga ဟာ ဒိန်းမတ်နိုင်ငံရဲ့ ထိပ်တန်းပြိုင်ပွဲဖြစ်ပြီး FC Copenhagen နှင့် FC Midtjylland တို့ဟာ ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၇၇
Mexican Liga MX အကြောင်း ဖော်ပြပါ။
Mexican Liga MX ဟာ မက္ကဆီကိုနိုင်ငံရဲ့ အထင်ကရပြိုင်ပွဲဖြစ်ပြီး Club América နှင့် Chivas တို့ဟာ နာမည်ကြီးအသင်းများဖြစ်ပါတယ်။
၇၈
Indian Super League (ISL) အကြောင်း ဖော်ပြပါ။
Indian Super League ဟာ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းပြိုင်ပွဲဖြစ်ပြီး ATK Mohun Bagan နှင့် Mumbai City FC တို့က ထိပ်တန်းအသင်းများဖြစ်ကြပါတယ်။
၇၉
Costa Rican Primera División အကြောင်း ဖော်ပြပါ။
Costa Rican Primera División ဟာ ကော့စတာရီကာနိုင်ငံရဲ့ ထိပ်တန်းပြိုင်ပွဲဖြစ်ပြီး Deportivo Saprissa နှင့် LD Alajuelense တို့ဟာ ထိပ်တန်းအသင်းများဖြစ်ပါတယ်။
၈၀
Greek Super League အကြောင်း ဖော်ပြပါ။
Greek Super League ဟာ ဂရိနိုင်ငံရဲ့ ထိပ်တန်းဘောလုံးပြိုင်ပွဲဖြစ်ပြီး Olympiacos နှင့် Panathinaikos တို့က ထိပ်တန်းအသင်းများဖြစ်ကြပါတယ်။
၈၁
UEFA Champions League အကြောင်း ဖော်ပြပါ။
UEFA Champions League ဟာ ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ဥရောပ နိုင်ငံအသီးသီးမှ ရာသီအလိုက် ဇယားထိပ်ပိုင်းတွေက Club အသင်း ၃၂ အသင်း ပါ၀င်ကစားခွင့်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
၈၂
UEFA Europa League အကြောင်း ဖော်ပြပါ။
UEFA Europa League ဟာ Champion League ထက် တစ်ဆင့်နိမ့်ပြီး UEFA Europa League က Champion League ၀င်ခွင့်နဲ့ နီးကပ်စွာ လွဲချော်ခဲ့သော အသင်းများအတွက် ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
၈၃
UEFA Conference League အကြောင်း ဖော်ပြပါ။
UEFA Conference League ဟာ ၂၀၂၁ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့သော ပြိုင်ပွဲတစ်ခုဖြစ်ပြီး အလယ်အလတ် အသင်းများ ပါ၀င် ယှ၌ပြိင်ကစားခွင့်ရကြတဲ့ ပြိုင်ပွဲဖြစ်တယ်။
၈၄
UEFA Super Cup အကြောင်း ဖော်ပြပါ။
UEFA Super Cup ဟာ Champion League နဲ့ Europa League champion တွေ ယှ၌ပြိုင်ကစားရတဲ့ ဖလားလုပွဲ ဖြစ်ပါတယ်။
၈၅
Club World Cup အကြောင်း ဖော်ပြပါ။
Club World Cup ဟာ တိုက်အသီးသီးက နိုင်ငံတကာ Tournament Champion တွေ ကစားရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
၈၆
Copa Libertadores အကြောင်း ဖော်ပြပါ။
Copa Libertadores ဟာ တောင်အမေရိက တိုက်ရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်ပြီး တောင်အမေရိက Leagues တွေက အကောင်းဆုံး အသင်းများ ပါ၀င်ယှဥ်ပြိုင်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
၈၇
Copa Sudamericana အကြောင်း ဖော်ပြပါ။
Copa Sudamericana ဟာ တောင်အမေရိက တိုက်ရဲ့ Copa Libertadores နောက် ဒုတိယ အဆင့်အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်ပြီး တောင်အမေရိက Leagues တွေက ခြေစွမ်းကောင်းတဲ့ ဖြတ်မျဥ်း အသင်းများ ပါ၀င်ယှဥ်ပြိုင်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
၈၈
AFC Champions League အကြောင်း ဖော်ပြပါ။
AFC Champions League ဟာ အာရှ တိုက်ရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်ပြီး အာရှ Leagues တွေက အကောင်းဆုံး အသင်းများ ပါ၀င်ယှဥ်ပြိုင်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
၈၉
AFC Cup အကြောင်း ဖော်ပြပါ။
AFC Cup ဟာ အာရှ တိုက်ရဲ့ AFC Champions League ပြီးနောက် ဒုတိယ အဆင့်အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်ပြီး အာရှ Leagues တွေက ခြေစွမ်းကောင်းတဲ့ ဖြတ်မျဥ်း အသင်းများ ပါ၀င်ယှဥ်ပြိုင်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
၉၀
CONCACAF Champions League အကြောင်း ဖော်ပြပါ။
CONCACAF Champions League ဟာ မြောက်အမေရိကနဲ့ Central အမေရိက တိုက်က အကောင်းဆုံး Club အသင်းများ ပါ၀င်ယှဥ်ပြိုင်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
၉၁
FIFA World Cup အကြောင်း ဖော်ပြပါ။
FIFA World Cup က ကမ္ဘာ့အကြီးဆုံးနှင့် လူကြိုက်အများဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တယ်။ နိုင်ငံတကာအမျိုးသားအသင်းများ ကြား ၄ နှစ်တစ်ကြိမ်ကျင်းပတယ်။ ၁၉၃၀ ခုနှစ်က ပထမဆုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး FIFA က စီစဉ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းက နိုင်ငံအသင်းတွေက ရွေးချယ်ပွဲ အရ ပွဲအဝင်ခွင့်ရရှိကြပါတယ်။
၉၂
UEFA European Championship (EURO) အကြောင်း ဖော်ပြပါ။
UEFA European Championship (EURO) ဟာ ဥရောပနိုင်ငံများ အကြား ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တယ်။ ၄ နှစ်တစ်ကြိမ်ကျင်းပပြီး UEFA က စီစဉ်တယ်။ ၁၉၆၀ ခုနှစ်မှာပထမဆုံးကျင်းပခဲ့ပြီး၊ ဥရောပလက်ရွေးစင်အသင်းများ ကြားပြိုင်ဆိုင်ကြပါတယ်။
၉၃
Copa América အကြောင်း ဖော်ပြပါ။
Copa América က တောင်အမေရိကမှ နိုင်ငံအသင်းများ အကြား ကျင်းပတဲ့ အရေးကြီးတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တယ်။ ၄ နှစ်တစ်ကြိမ် ကျင်းပပြီး CONMEBOL က စီစဉ်တယ်။ ၁၉၁၆ ခုနှစ်က ပထမဆုံးစတင်ခဲ့တယ်။
၉၄
Africa Cup of Nations (AFCON) အကြောင်း ဖော်ပြပါ။
Africa Cup of Nations (AFCON) က အာဖရိကတိုက်မှ နိုင်ငံအသင်းများ အကြား ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တယ်။ ၂ နှစ်တစ်ကြိမ် ကျင်းပပြီး CAF (အာဖရိကဘောလုံးအဖွဲ့) က စီစဉ်တယ်။ ၁၉၅၇ ခုနှစ်က စတင်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်။
၉၅
FIFA Women's World Cup အကြောင်း ဖော်ပြပါ။
FIFA Women's World Cup က အမျိုးသမီးဘောလုံးတွင် အကြီးဆုံးပြိုင်ပွဲ ဖြစ်တယ်။ ၄ နှစ်တစ်ကြိမ်ကျင်းပပြီး FIFA က စီစဉ်တယ်။ ၁၉၉၁ ခုနှစ်မှာ ပထမဆုံးပြိုင်ပွဲစတင်ခဲ့ပြီး အမျိုးသမီးလက်ရွေးစင်အသင်းများ ကြား ပြိုင်ဆိုင်ကြတယ်။
၉၆
AFC Asian Cup အကြောင်း ဖော်ပြပါ။
AFC Asian Cup က အာရှတိုက်မှ နိုင်ငံအသင်းများ အကြား ကျင်းပတဲ့ အကြီးဆုံးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တယ်။ ၄ နှစ်တစ်ကြိမ်ကျင်းပပြီး AFC (အာရှဘောလုံးအဖွဲ့) က စီစဉ်တယ်။ ၁၉၅၆ ခုနှစ်က စတင်ခဲ့တယ်။
၉၇
Concacaf Gold Cup အကြောင်း ဖော်ပြပါ။
Concacaf Gold Cup က မြောက်အမေရိက၊ အလယ်အမေရိကနှင့် ကာရီဘီယံဒေသမှ အသင်းများအကြား ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တယ်။ Concacaf က စီစဉ်ပြီး ၂ နှစ်တစ်ကြိမ်ကျင်းပတယ်။
၉၈
UEFA Nations League အကြောင်း ဖော်ပြပါ။
UEFA Nations League က ဥရောပနိုင်ငံများ အကြား ပြိုင်ဆိုင်တဲ့ ပြိုင်ပွဲအသစ်ဖြစ်တယ်။ UEFA က ၂၀၁၈ ခုနှစ်မှာ စတင်စီစဉ်ခဲ့ပြီး နိုင်ငံအလိုက်အဖွဲ့များ သတ်မှတ်၍ လက်ရှိသတ်မှတ်ချက်အရအဆင့်ခွဲပြီး ပြိုင်ပွဲများပြုလုပ်တယ်။
၉၉
Suzuki Cup (AFF Championship) အကြောင်း ဖော်ပြပါ။
Suzuki Cup (AFF Championship) က တောင်ပိုင်းအာရှနိုင်ငံများ အကြား ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တယ်။ AFF (တောင်ပိုင်းအာရှဘောလုံးအဖွဲ့ချုပ်) က စီစဉ်ပြီး ၂ နှစ်တစ်ကြိမ် ကျင်းပတယ်။
၁၀၀
Olympic Football အကြောင်း ဖော်ပြပါ။
Olympic Football က အိုလံပစ်အားကစားပွဲတွင် ပါဝင်တဲ့ ဘောလုံးပြိုင်ပွဲဖြစ်တယ်။ အမျိုးသားနှင့် အမျိုးသမီးအသင်းများ နှစ်မျိုးလုံး ပါဝင်နိုင်ပြီး၊ အသင်းများမှာ ယောကျာ်းလေးများအတွက် ၂၃ နှစ်အောက် ကစားသမားများသာ ပါဝင်ခွင့်ရှိတယ်။ ၁၉၀၀ ခုနှစ်က ပထမဆုံးစတင်ခဲ့ပြီး၊ အမျိုးသမီးဘောလုံးက ၁၉၉၆ ခုနှစ်မှစတင်ခဲ့တယ်။ FIFA နှင့် IOC (အိုလံပစ်ကော်မတီ) တို့၏ အစည်းအဝေးအရ ပွဲစဉ်များစီစဉ်ပေးတယ်။

Myanmar Football Dataset (General Football Knowledge) for NLP Research and LLM Development

Dataset Description

This dataset contains essential knowledge about football in the Burmese language, designed for Natural Language Processing (NLP) research and Large Language Model (LLM) development. It includes definitions and explanations of key football terms, rules, and scenarios in football that are important for understanding the game. The data is especially useful for researchers working on Myanmar language NLP models and football-related applications.

Sources

The dataset is available on multiple platforms:

Example Term များ

  1. လူကျွံဘော (Offside)

    • လူကျွံဘော ဆိုတာ ကစားသမားတစ်ဦးဟာ ပြိုင်ဘက်အသင်းရဲ့ နောက်ဆုံး ကစားသမားထက် ကျော်ပြီး ရှေ့မှာရှိနေစဉ် ဘောလုံးကို လက်ခံရယူသွားခြင်းကို ဆိုလိုပါတယ်။ ဒီအခါမှာ လူကျွံဘော ဖြစ်သွားတဲ့အတွက် ပြိုင်ဘက်အသင်းက အလွတ်တည်ကန်ဘော (Indirect Free Kick) ရရှိပါတယ်။
  2. ဂိုးလွန်ဘော (Goal Kick)

    • ဂိုးလွန်ဘော ဆိုတာ အသင်းတစ်ခုက ဂိုးသွင်းရန် ကြိုးစားနေစဉ်နောက်ဆုံး ထိပြီး ဘောလုံးဟာ ဂိုးပေါက်ကို မ၀င်ဘဲ ကျော်သွားသောအခြေအနေကို ဆိုလိုပါတယ်။ ဒီအခါမှာ ခံတားအသင်းက ဂိုးလွန်ဘောကို ကန်နိုင်ပါတယ်။
  3. ထောင့်ကန်ဘော (Corner Kick)

    • ထောင့်ကန်ဘော ဆိုတာ ဘောလုံးဟာ ခံတားကစားသမားနဲ့ နောက်ဆုံး ထိပြီး ဂိုးစည်းကို ကျော်သွားတဲ့အခါ တိုက်စစ်အသင်းက ထောင့်ကန်ဘောကို အကြောင်းပြန်ပြီး ကန်နိုင်ခြင်းဖြစ်ပါတယ်။
  4. အလွတ်တည်ကန်ဘော (Direct Free Kick)

    • အလွတ်တည်ကန်ဘော ဆိုတာ ပြိုင်ဘက်အသင်းက ကိုယ့်အသင်းကစားသမားကို ထိခိုက်စေမိသည့်အခါတွင် သို့မဟုတ် ဘောလုံးကို လက်နဲ့ ထိမိမိတဲ့အခါမှာ ကန်သွင်းခွင့်ရတဲ့ ကန်ဘောတစ်ခုဖြစ်ပါတယ်။

References

Acknowledgements

Thanks to the Data in Some Sports team members for their contribution to this dataset.

For any inquiries, please contact: [email protected].

Downloads last month
39