sentence_id
int64
1
10.7M
text
stringlengths
2
17.7k
string_length
int64
2
17.7k
length_category
stringclasses
87 values
301
ထိုထက် ပြဿနာ အတန်ငယ်ကြီး၍ နှစ်ဘက်တင်းမာမှုများ ရှိနေလျှင် ရပ်ရွာတွင်းရှိ ဂုဏ်သရေရှိ အကြီးအကဲများနှင့် ဖြေရှင်းကြရသည်။
117
<200
302
တချို့ ကြီးမားလွန်းသည့် ပြဿနာများတွင်မူ ရာဇဝင်ကြောင်း နားလည်သည့် ကျွမ်းကျင်သူများနှင့် ဖြေရှင်းကြရသည်။
102
<200
303
ထုံးတမ်း အစဉ်အလာအရ ပုံသေ သတ်မှတ်သည့် ဥပဒေ မရှိသဖြင့် နှစ်ဦးနှစ်ဘက် ပြေလည် ကျေအေးသည်အထိ ညှိနှိုင်း ဖြေရှင်းကြရသည်။
113
<200
304
ရှေးထုံးတမ်းများအရ ဒိုင် ချင်းလူမျိုးတို့သည် လူသတ်ခြင်း၊ သေစား သေစေခြင်း၊ သူများသားမယား ပြစ်မှားခြင်း စသည့် ကြီးလေးသည့် ပြစ်မှုများတွင် လျော်ကြေးဖြင့် အလွယ်တကူ ကျေအေးမှု မရှိဘဲ လက်စား ချေမှုစနစ်ကို ကျင့်သုံးကြသည်။
214
<300
305
ပြစ်မှုကျုးလွန်သည့် ကာယကံရှင် ထွက်ပြေး တိမ်းရှောင်၍ သော်လည်းကောင်း၊ အကြောင်း တစ်စုံတစ်ရာကြောင့် ရှိခဲ့လျင် ကာယကံရှင်ကိုယ်စား ၄င်းနှင့် အနီးစပ်ဆုံးသူ အမျိုးသား တစ်ဦးဦးကို သတ်၍ လက်စားချေယူကြသည်။
192
<200
306
၄င်းကို Phutukmanlawh ဟုခေါ်ကြသည်။
34
<100
307
ထိုသို့ လက်စားချေ သတ်ဖြတ်မှုများ မဖြစ်ရအောင် အကြီးအကဲများမှ အတတ်နိုင်ဆုံး ဖြေရှင်းကြကာ ကျေအေးအောင် ဆောင်ရွက်ကြရသည်။
115
<200
308
လျော်ကြေးများအဖြင့် နွားနောက်၊ ရိုးရာစောင်၊ တောင်ယာ မြေနေရာ၊ သေနတ်၊ မျှား စသည် ဖြင့် ထိုက်သင့်သလို လျော်ကြေးပေးကြရသည်။
118
<200
309
ထိုသို့ အသက်ကို အသက်ခြင်း လက်စားချေသည့် စနစ်များ၊ လျော်ကြေးများ ကြီးမားမှုများသည် ပြစ်မှု အရှုပ်အထွေးများ ကင်းရှင်း လျော့နည်းစေသည့် အကြောင်းရင်းများပင် ဖြစ်သည်။
160
<200
310
ဤသို့သော ထုံးတမ်းအရ စီရင်သည့်ဓလေ့သည် စနစ်တကျ မရှိလှသော်လည်း ထိရောက်မှုရှိသည့် လေးစားဖွယ် ရိုးရာ ဥပဒေသများပင် ဖြစ်သည်။
117
<200
311
ဒိုင် ချင်းလူမျိုးတို့၏ လက်ထပ် ထိမ်းမြားခြင်းတွင် မိမိအိမ်ထောင်ပြုအပ်သည့် (Pu phun) အမျိုးနှင့် အိမ်ထောင် မပြုအပ်သည့် (Tuca phun) အမျိုးဟူ၍ ရှိသည်။
148
<200
312
အိမ်ထောင်ပြုရာတွင် လူငယ်ချင်း မေတ္တာမျှ ၍ အိမ်ထောင်ပြုခြင်း၊ အမျိုးသားဘက်မှ မိမိ ကြိုက်နှစ်သက်၍ တောင်းရမ်း လက်ထပ်ခြင်း၊ လူငယ်များအား အသိမပေးဘဲ မိဘများ သဘောအတိုင်း စေ့စပ်ခြင်း၊ လူငယ် သတို့သားမှ နှစ်သက်သဖြင့် သမီးနှင့် သမီးရှင် များအား အသိမပေးဘဲ အတင်းအဓမ္မ ပေါင်းသင်းခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးရှိသည်။
304
<400
313
မည်သည့် ပုံစံမျိုးဖြင့်ပင် လက်ထပ်စေကာမူ သတို့သမီးဘက်သို့ AisathakAihai ဟုခေါ်သည့် ကြက်များနှင့် ဆန်များ သွားပို့ကြပြီး ထိုကြက်နှင့် ဆန်များကို ချက်ပြုတ် စားသုံးလျင် ဤလင်မယား၏ လက်ထပ် ထိမ်းမြားခြင်း အထမြောက်၏။
207
<300
314
ထိုသို့ မင်္ဂလာပွဲ နှစ်ဦးနှစ်ဘက်မှ အသိအမှတ် ပြုပြီးသည်နှင့် တွင်းဖိုးများကို အမျိုးသားဘက်မှ အမျိုးသမီးဘက်သို့ ပေးရသည်။
118
<200
315
တွင်းဖိုးများအဖြစ် နွားနောက်၊ တောင်ယာမြေ၊ သေနတ်၊ အိုး၊ ရိုးရာစောင်နှင့် ရိုးရာ အသုံးအဆောင်များ စသည်ဖြင့် ပေးဆောင်ကြရသည်။
120
<200
316
အကယ်၍ လက်ထပ်ရန် နှစ်ဦး သဘောတူ သော်လည်းကောင်း၊ အများ ရှေ့မှောက်၌ သော်လည်းကောင်း ကတိပြုထားပြီးမှ ထိုကတိကို တဦးဦးက ချိုးဖေါက်ခဲ့လျင် ကတိ ဖျက်သူဘက်မှ Maalei ဟုခေါ်သည့် ကတိပျက်ကြေး ကို ပေးလျော်ရသည်။
193
<200
317
ရိုးရာ ချင်းစောင်ဖြစ်စေ၊ နွားနောက်ဖြစ်စေ၊ ရိုးရာ အသုံးအဆောင်များကို လျော်ကြေးအဖြင့် ပေးလျော်ရသည်။
97
<100
318
ဒိုင် လူမျိုးစုများတွင် လင်မယား ကွာရှင်းမှု ပြဿနာ ရှိခဲလှသည်။
61
<100
319
အဘယ့်ကြောင့်ဆိုသော် ကိစ္စကြီးငယ်များတွင် နှစ်ဦးနှစ်ဘက် ဝိုင်းဝန်း ကူညီတတ်ကြသောကြောင့် ဖြစ်သည်။
94
<100
320
အိမ်ထောင်စုတွင်း၌ ပြဿနာ တစုံတခု ကြောင့် မိမိ၏ ဇနီးသည် မိဘအိမ်သို့ ပြန်သွားခဲ့လျှင် လင်ယောက်ျားမှ ဇနီးသည်၏ မိဘမျာထံ တောင်းပန်ပြီး ပြန်ခေါ်ရသည်။
142
<200
321
ဇနီးသည်မှ ချက်ချင်း လိုက်မလာဘဲ တင်းခံနေသဖြင့် တစုံတခု တောင်းဆိုမှု ပြုလျှင် ထိုတောင်းဆိုမှုများကို လိုက်လျောပေးရသည်။
116
<200
322
အကယ်၍ လင်ယောက်ျားဘက်မှ စ၍ ကွာရှင်းလျှင် ဇနီးဖြစ်သူ သားသမီးများ မထွန်းကားသေးပါက နွားနောက်နှင့် သတ်မှတ်ထားကြသည့် လျှော်ကြေးများကို ပေးဆောင်ရသည်။
142
<200
323
သို့သော် မင်္ဂလာကြေး တွင်းဖိုးများကိုမူ ပြန်လည် တောင်းပိုင်ခွင့် မရှိပေ။
72
<100
324
ဇနီးဖြစ်သူဘက်မှ စတင်ကွာရှင်းလိုလျင် အမျိုးသားများ ပေးလျော်သကဲ့သို့ပင် ပေးလျော်ရသည်။
83
<100
325
မည်သည့် အကြောင်းကြောင့်ပင်ဖြစ်စေ လင်မယားကွာရှင်းလျှင် သားသမီးများကို ပိုင်ဆိုင်ခွင့် ရှိသည်။
92
<100
326
လင်မယား ကွာရှင်းစဉ်တွင် ဇနီးသည်၌ ကိုယ်ဝန်နှင့်ဖြစ်စေ၊ နို့စို့အရွယ် ကလေးရှိစဉ်၌ ကွာရှင်းသည်ဖြစ်စေ ၄င်းကလေးငယ် အရွယ်ရောက်ချိန်အထိ မိခင်ဖြစ်သူမှ ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသည်။
176
<200
327
ကလေးအရွယ် ရောက်သောအခါ ဖခင်ဖြစ်သူမှ ပြန်လည် ခေါ်ယူပြီး မိခင်ဖြစ်သူအား ကလေးထိန်းခအဖြင့် နွားနောက်မ တစ်ကောင် ပေးကာ ထိုကလေးငယ်အား ခေါ်ယူရသည်။
137
<200
328
မိဘအမွေများ ဆက်ခံရာတွင် သားယောက်ျားများသာ အမွေဆက်ခံခွင့် ရှိသည်။
64
<100
329
မိသားစုအတွင်း ညီအကိုများနေပါက အများအားဖြင့် အထွေးဆုံးသားမှ မိဘနေအိမ်ကို ပိုင်ဆိုင်ရပြီး အကြီးဆုံးသားမှ ဖခင်၏ အသုံးပြုလေ့ရှိသော သေနတ်ကို အမွေ ရရှိတတ်ကြသည်။
154
<200
330
ကျန်ရှိသည့် အတွင်း ပစ္စည်းများကိုမူ ဝေပုံကျ အညီအမျှ ခံစားကြသည်။
63
<100
331
အကယ်၍ သားယောက်ျား မထွန်းကားခဲ့ပါက မိမိ အနီးစပ်ဆုံး ဆွေမျိုးများက အမွေ ခံစားခွင့် ရှိသည်။
88
<100
332
အမျိုးသမီများ အမွေ ဆက်ခံခွင့်မရှိသည့် အကြောင်းရင်းများမှာ ရှေးအခါ၌ ရန်သူများမှ ကလဲ့စားချေလျှင် သားယောက်ျားများကိုသာ အဓိက ပစ်မှတ်ထားကြခြင်း၊ မိဘများ၏ ကြွေးမြီများ ဆပ်ရန် သားယောက်ျားများတွင်သာ တာဝန်ရှိပြီး ကြွေး မကျေမချင်း သားစဉ်မြေးဆက် ဆပ်ရသည်။
243
<300
333
မိဘများ အိုမင်းမစွမ်း ဖြစ်လာကြသောအခါ သားများတွင်သာ စောင့်ရှောက်ရန် တာဝန်ရှိသည်။
79
<100
334
သမီးများသည် အိမ်ထောင်ပြုပြီးသည်နှင့် ခင်ပွန်းသည်၏ အမျိုး ခံယူရပြီး မိမိမျိုးနွယ်စုနှင့် ပတ်သက်မှု မရှိတော့ပေ။
109
<200
335
ဤ အကြောင်းရင်းများသည် အမျိုးသမီးများ၏ မိဘအမွေ ဆက်ခံခွင့် မရှိခြင်း၏ အကြောင်းရင်းများပင် ဖြစ်သည်။
96
<100
336
သို့သော် အမျိုးသမီးသည် မိမိ၏ လင်ယောက်ျား သေဆုံးလျှင်မူ လင်ဖြစ်သူ၏ ဥစ္စာ ပစ္စည်းများကို ဇနီးသည်မှ ပိုင်ဆိုင် ဆက်ခံခွင့် ရှိသည်။
126
<200
337
အကယ်၍ မုဆိုးမဖြစ်သူသည် အကြောင်းသင့်၍ နောက်အိမ်ထောင်ပြုခဲ့လျင် လင်ယောက်ျား ဖြစ်ဖူးသူ၏ အမွေဆက်ခံခွင့် မရှိတော့ပေ။
111
<200
338
ထိုမုဆိုးမ၌ သားများရှိလျှင် ထိုသားများမှ အမွေ ဆက်ခံကြရပြီး သားများ မရှိပါက လင်ဖြစ်သူ၏ အနီးစပ်ဆုံး ဆွေမျိုးသားချင်းများမှ ထိုအမွေများကို ဆက်ခံကြရသည်။
148
<200
339
ရှေးအခါ၌ စာပေများ မရှိခဲ့သဖြင့် အိမ်ထောင်ဦးစီး ဖြစ်သူသည် နာမကျန်းဖြစ်၍ ကျန်းမာရေး အခြေအနေများ ဆိုးဝါးနေလျင် မိမိ သားမယားများကိုခေါ်၍ ရပ်ရွာ အကြီးအကဲများရှေ့တွင် သေတမ်းစာသဘော နှုတ်ဖြင့် မှာကြားစရာများနှင့် အမွေဥစ္စာများကို ခွဲဝေ မှာကြားလေ့ ရှိကြသည်။
248
<300
340
လူသတ်မှုဖြစ်၍ တရားလို တရားခံတို့အတွက် ရပ်ရွာ အကြီးအကဲများမှ ဖျန်ဖြေ ဆုံးဖြတ်ကြပြီး လျှော်ကြေး ပေးပြီးသောအခါ ထိုနေ့၌ပင် ရပ်ရွာလူကြီးများနှင့် ရပ်ရွာရှိ ဂုဏ်သရေရှိ လူကြီးမင်းများ ရှေ့မှောက်တွင် ကာယကံရှင် နှစ်ဦးနှစ်ဘက်မှ ပြေငြိမ်ရေး အထိမ်းအမှတ် ခေါင်တစ်လုံးစီ ထိပ်စေသည်။
268
<300
341
နွားနောက် သားခြောက်ကို ထောင်း၍ ဂျင်း၊ ငရုတ်သီး၊ ကြက်သွန်၊ ဆားများနယ်ပြီး ခေါင်ရည်ကိုလည်းကောင်း၊ အသားထောင်းကို လည်းကောင်း ခွံ့ကြွေး စေကြသည်။
139
<200
342
နှစ်ဦးနှစ်ဘက်မှ ခေါင်သောက်၍ အသားများ အတူတကွ စားသောက်ကြမှသာ ကျေအေးမှု အထမြောက် အောင်မြင်မှု ရှိသည်။
98
<100
343
အကယ်၍ လျော်ကြေးများကို လက်ခံသော်လည်း ခေါင်ရည်နှင့် အသားများကို စားသောက်ကြခြင်း မရှိပါက ဖျန်ဖြေခြင်း အောင်မြင်မှုမရှိဘဲ တစ်ဘက်နှင့် တစ်ဘက် ဝင်ထွက်သွားလာ ဆက်ဆံခြင်းများ မပြုကြပေ။
176
<200
344
သို့ဖြစ်ရာ နှစ်ဦးနှစ်ဘက် ပြေလည်မှုရှိစေရန် ရပ်ရွာ အကြီးအကဲများမှ အထူးဆောင်ရွက် ဖြေရှင်း ပေးကြရသည်။
98
<100
345
ဤပြဿနာမျိုးတွင် အစိုးရဘက်မှ တရား ဥပဒေအရ ဖြေရှင်းစေကာမူ ထိရောက်မှုမရှိဘဲ ရှေးထုံး ယဉ်ကျေးမှုသာ ပို၍ ထိရောက် အောင်မြင်မှု ရှိသည်။
127
<200
346
အဆိပ်ခပ်ခြင်း၊ မန်းမှုတ်ခြင်း၊ ပြုစားခြင်း စသည့် နည်းအမျိုးမျိုးဖြင့် သူတစ်ပါးအား သေကြောင်း ကြံစည်၍ သက်သေ အထင်အရှားဖြင့် ပေါက်ကြားလာပါက နွားနောက်မကြီး တစ်ကောင် ပေးလျှော်ရသည်။
174
<200
347
သို့အဟုတ်ပါကလည်း တချို့ ဒေသများတွင် လူသတ်မှု ကဲ့သို့ပင် လျော်ကြေးပေး ဖြေရှင်း ကြရသည်။
85
<100
348
သို့တည်းမဟုတ် ရန်ဘက်ခြင်း လက်စားချေရာတွင် မတော်တဆ လူမှား သတ်မိပါက သတ်မှတ်ထားသည့် လျော်ကြေးအပြင် ထိုသို့ လူမှားသတ်မိခြင်းအတွက် နွားနောက်မ တစ်ကောင်နှင့် ငွေကြေးများ ပေးလျော်ရသည်။
176
<200
349
အသုဘ စရိတ်ကိုလည်း ပေးလျော်ရသည်။
31
<100
350
တစုံတဦး အဓမ္မ ပြုကျင့်ခြင်းခံရပါသည်ဟု အမျိုးသမီးမှ စွပ်စွဲမှု ပြုလာ၍ အမျိုးသားဘက်မှ ငြင်းဆိုမှု ပြုလာလျင် ပြဿနာ ဖြေရှင်းသူများမှ နေ၍ အမျိုးသမီး ဝတ်ဆင်သည့် ထဘီကို ရေစိမ်၍ ကျိန်ဆိုခြင်းပြုကြပြီး နေ့ရက်များ ကန့်သတ် သတ်မှတ်ထားကြသည်။
228
<300
351
ထိုကျိန်ဆိုထားသည့် ထဘီရေကို ငြင်းဆန်သူ အမျိုးသားအား တိုက်ရသည်။
62
<100
352
ထဘီရေ တိုက်ပြီး ထိုနေမှစ၍ ကန့်သတ်ထားသည့် နေ့ထိတိုင် စောင့်ကြည့်နေ ကြရသည်။
73
<100
353
ထိုကန့်သတ်ထားသည့် ကာလအတွင်း စွပ်စွဲခံရသည့်ဘက်မှ ဆွေမျိုးသားခြင်းများထဲမှ လူသေခြင်း၊ ကျားကိုက်ခြင်း စသည်ဖြင့် ကံကြမ္မာဆိုး ကြုံရလျင် အမှုရှုံးပြီး လျှော်စရာများ ပေးလျော်ရသည်။
173
<200
354
သို့တည်းမဟုတ် တစုံတရာ မဖြစ်ခဲ့လျှင် ထိုအစွပ်စွဲ ခံရသည့်ဘက်မှ အနိုင်ရသည်။
72
<100
355
သတ်မှတ်ထားသည့် ရက်အတွင်း အမျိုးသားဘက်မှ ဘာမှ မဖြစ်ဘဲ အနိုင်ရလျှင် အမျိုးသမီးဘက်မှ မိမိ မှားကြောင်း ဝန်ခံပြီး မှားမိသည့် ပစပ်ဆေးသည့်အနေဖြင့် မျှားတစ်ချောင်း ပေးလျော်ရသည်။
169
<200
356
ထိုမျှားသည် တန်ဖိုးအားဖြင့် နဲပါးလှသော်လည်း ဆိုလိုရင်း လေးနက်လှသည်။
67
<100
357
မိမိ အသက်နှင့် ရင်း၍ ဝန်ခံကြောင်းပြခြင်း ဖြစ်သည်။
49
<100
358
၄င်းမျှားအပြင် အသရေဖျက်မှုအတွက် နွားနောက်နှင့် အခြား လျော်စရာများ ပေးလျော်ရသည်။
79
<100
359
ခိုးမှု တရားများကို စီရင် ဖြေရှင်းကြရာတွင် ပစ္စည်းခိုးသူသည် ၄င်းခိုးယူသော ပစ္စည်းနှင့် ထိုပစ္စည်းနှင့် ညီမျှသော နောက်ထပ် လျော်ကြေးကိုပါ ပေးလျော်ရသည်။
149
<200
360
အိမ် သို့မဟုတ် ပစ္စည်းသိုလှောင်သည့် အဆောက်အဦး (Khai) တခုခုကို ဖေါက်ထွင်း ခိုးယူလျင် ခိုးရာပါ ပစ္စည်းတန်ဖိုးအပြင် ဖေါက်ထွင်းထားသည့် တံခါး ပြန်ပိတ်ရသည့် တံခါး ပိတ်ခ လျော်ကြေးပါ ပေးရသည်။
183
<200
361
အကယ်၍ သေတ္တာ ဖေါက်မိပါက သေတ္တာပိတ်ခ စသည်ဖြင့် လျော်ကြေးများ ပေးလျော်ရသည်။
73
<100
362
အကယ်၍ လူတစ်ယောက်အား မခိုးပါဘဲနှင့် သူခိုးစွပ်စွဲလျင် အသရေဖျက်မှုနှင့် သိက္ခာ သမာဓိ ထိပါး စော်ကားမှုဖြင့် မျှားတစ်ချောင်း၊ နွားနောက်နှင့် အခြား သတ်မှတ်ထားသည်များဖြင့် လျော်ကြေးများ ပေးရသည်။
188
<200
363
တစ်ပါးသူ ပိုင်ဆိုင်သည့် တိရစ္ဆာန် တစ်ကောင်ကို ခိုးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်မိပါက ၄င်းတိရစ္ဆာန် တန်ဖိုးနှင့် နောက်ထပ် တန်ဖိုး၏ တစ်ဝက် အပိုထပ်ဆောင်း အလျော် ပေးရသည်။
168
<200
364
တိရစ္ဆာန်များကို အနာတရဖြစ်အောင် ပြုလုပ်လျင် တိရစ္ဆာန် အကြီးအငယ်အလိုက် ငွေကြေးများနှင့် ရိုးရာ ချင်းစောင်တစ်ထည် အလျော် ပေးရသည်။
126
<200
365
ပိုင်ရှင်ရှိပြီးသော ပျားအုံကို ဖွတ်မိ၊ ခိုးယူမိပါက ပျားအုံ တန်ဖိုး၏ တစ်ဆ အလျော် ပေးရသည်။
88
<100
366
ထိုသို့ဆိုရာတွင် တောတောင်များ၌ တစ်စုံတစ်ဦးမှ ပျားအုံ တွေ့ရှိလျင် ၄င်းပျားအုံကို အမှတ်အသား ပြုလုပ်ပြီး မိမိ ပိုင်ဆိုင်ကြောင်း ပြရသည့် ထုံးစံ ရှိသည်။
147
<200
367
သူတစ်ပါး၏ ပိုင်ဆိုင်သည့် ပစ္စည်းများကို အလွဲသုံးစား ပြုမိပါက ပစ္စည်းတန်ဖိုးနှင့် ၄င်းပစ္စည်း တန်ဖိုး၏ ထက်ဝက်ကို လျော်ပေးရသည်။
125
<200
368
မိမိ အိမ်ထောင်ဘက်အဖြင့် ယူရသည့် မခင်ဘက်မှ ဦးလေးများကို Pu ဟုခေါ်ပြီး မိမိသားမက် ဘက်ကို Tuu ဟု ခေါ်သည်။
102
<200
369
Tuu များအနေဖြင့် မိမိတို့၏ Pu များကို ရိုသေ လေးမြတ်မှု ပြုရသည်။
63
<100
370
အကယ်၍ မထီလေးစား ပြုမိလျင် ကောင်းကြီး မခံစားရဘဲ သားသမီး ထွန်းကားခြင်း မရှိတတ်သည့် အယူအဆများ ရှိသည်။
98
<100
371
ထို့ကြောင့် ထိုသို့ မတော်တဆ သော်လည်းကောင်း မရိုမသေ ပြုမိပါက သားတူများဘက်မှ ကျေအေးခွင့် တောင်းရသည်။
98
<100
372
ကျေအေးကြရာတွင် ငှက်သားခြောက်၊ တောကြွက် သားခြောက်များကို ပြာရည်များဖြင့် ချက်ပြီး ၄င်းကို Annbek များနှင့် ခေါင်ရည်များကို ငင်၍ ဗူးနှင့် ထည့်ကာ သွားရောက် တောင်းပန်ရသည်။
167
<200
373
သားနှင့် သားမက်များမှလည်း ကြက်သတ်၍ ခေါင်ရည်နှင့် ဧည့်ခံကျေ အေးပေးရသည်။
70
<100
374
ဤသို့ဖြင့် အပြန်အလှန် ကျေအေး သင့်မြတ်မှသာ သားသမီးများမှ ဘိုးဘွား ကောင်းကြီးများ ခံစားရပြီး စီးပွား တိုးတက်သည် ဟူသော အယူအဆ ထုံးတမ်းဓလေ့များ ရှိသည်။
146
<200
375
ဒိုင် 'ချင်း' မျိုးနွယ်စုများ၏ ရှေးရိုးရာ ဝတ်စား ဆင်ယင်မှုများသည် ရိုးရှင်းလှသည်။
81
<100
376
ဝတ်စား ဆင်ယင်မှုတွင် အမျိုးသားများ၏ ဝတ်စား ဆင်ယင်မှုနှင့် အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှု ဟူ၍ ခွဲခြားထားသည်။
109
<200
377
ထိုသို့ ခွဲခြားမှုများ ရှိခဲ့သော်လည်း လက်ဝက် လက်စားများမှာ ကွဲပြားမှု မရှိလှပေ။
79
<100
378
ဒိုင်အမျိုးသားများ၏ ဝတ်စား ဆင်ယင်မှုများမှာ ဦးခေါင်းပိုင်း၌ Lupawng ဟုခေါ်သည့် ခေါင်းပေါင်း (အနီ/အဖြူ)၊ အလွန် ရှားပါး တန်ဖိုးထား ရပြီး၊ ဦးခေါင်းထက်၌ အမြတ်တနိုး ဆင်မြန်း ပန်ဆင်ရသည့် အောက်ချင်းငှက် တောင်ပံများနှင့် အခြား ရှားပါးသည့် ငှက်များ၏ အမြီးတောင်များ (Lurukaimul)၊ ဝါးဖြင့် အနုစိပ် ပြုလုပ်ထားသည့် ဝါးဘီး (Shizep)၊ လျှောင်ထုံးများတွင် ကန့်လန့်ထိုး ဆင်ယင်ရသည့် ကြေးဆံထိုး (Lukal cung)၊ နားကပ် နားဆွဲများအဖြင့် ဆင်မြန်းရသည့် ငွေထည် ပစ္စည်း (Tangga)၊ လည်ပတ်အဖြင့် ဆင်မြန်းရသည့် ကြယ်သီးပုံစံ သီကုံးထားသော တန်ဆာ (Hawngdap)၊ အမျိုးသားများ လည်ဆွဲရန်အတွက် ရှေးပုတီးများ၊ ခရုခွံများဖြင့် စီရင် ပြုလုပ်ထားသည့် ပုတီးလည်ရွဲ (Pa oi) စသည်များကို လှပစွာ မြတ်နိုးစွာ ဆင်ယင်ကြသည်။
668
<700
379
ကိုယ်ခန္ဓာပိုင်းတွင် (Hisui) ဟုခေါ်သည့် ဂုန်လျှော်ဖြင့် ယက်လုပ်ထားသေည ပစ္စည်းများနှင့် တိုလီမုတ်စများ ထည့်နိုင်ရန် စီရင်ထားသည့် သင်တိုင်း၊ နွားနောက် သားရေ၊ ကျားသားရေများဖြင့် ပြုလုပ် ထားသည့် ရင်အုပ်တန်ဆာ (Sapang)၊ လက်မောင်းများတွင် ဝတ်ဆင်ထားရသည့် ကြေးလုံးကြီးခွေ (Khenuu)၊ လေးလက္မခန့်အထိ ခွေ၍ ဝတ်ဆင်ရသည့် ကြေးခွေ (Khethawng)၊ လက်ကောက်ဝတ်၌ ရစ်ပတ်ထားရသည့် (Cau)၊ လက်စွပ် (Kutcuep) စသည်များ ဝတ်ဆင်ကြသည်။
400
<500
380
ခါးအောက်ပိုင်းတွင် အရှက် လုံစေရန်အတွက် ဝါဂွမ်းစများဖြင့် အထုူး ယက်လုပ်သည့် (Hri) အထည်၊ ကြိမ်ကြိုးကို အနုစိပ်ကျစ်၍ ဝတ်ဆင်ရသည့် (Hol)၊ ကြိမ်ခါးပါတ်၊ (Saishin) ဟုခေါ်သည့် ခဲများဖြင့် မွမ်းမံထားသော ခါးပါတ်ခေါင်း (Nawnn) စသည်များကို ဆင်မြန်း ဝတ်ဆင် ကြရသည်။
251
<300
381
အမျိုးသားများ၏ အသုံးအဆောင်များကို ဖေါ်ပြရလျင် (Shahoi) များဟုခေါ်သည့်၊ သေနတ် (Maei)၊ လဲယမ်းများနှင့် ကျည်ဆံများ ထည့်ဆောင်နိုင်ရန် ပြောင်ဦးချိုကို ပြုပြင် အသုံးပြုရသည့် (Yamphu)၊ နွားနောက် သားရေများဖြင့် ဓါးမများ ထည့်ရန် ပြုလုပ်ထားသည့် (Shapangki)၊ ဓါးမကြီးများ ထည့်လွယ်ရန် ဝါး ကြိမ်များဖြင့် ယက်လုပ်ထားသည့် (Timimm)၊ ဆေးရွက်ခြောက်များ ဆောင်ရန် (Sheikap)၊ စသည်များနှင့် ရိုးရာ လှံ (caei) များကို အဓိက အသုံးပြုကြသည်။
415
<500
382
၄င်းအပြင် အမျိုးသားများ၏ အထူး နှစ်သက်စွာ အသုံးပြုကြသည့် လက်နက်နောက် တစ်မျိုးမှာ ဒူးလေးနှင့် လေး (Lii) ပင်ဖြစ်သည်။
113
<200
383
ခရီးဆောင်ရန် ပေါ့ပါး လွယ်ကူခြင်း၊ သေနတ်ကဲ့သို့ ခဲယမ်း မီးကျောက်များအတွက် မပူပန်ရခြင်း၊ အသံမထွက်ဘဲ တိတ်ဆိတ်စွာ အသုံးပြုနိုင်ခြင်း စသည်များကြောင့် လေးနှင့် ဒူးလေးကို် ပိုမို၍ နှစ်သက်စွာ အသုံးပြုကြသည်။
199
<200
384
အမျိုးသမီးများ၏ အသုံးအဆောင်များမှာ ဦးခေါင်းကို အုပ်၍ ဆောင်းထားရသည့် (Lukhuem)၊ ဆံထုံးများ ကန့်လန့်ထားရန်အတွက် ကြေးဖြင့် ပြုလုပ်ထားသည့် (Lukalcung)၊ လည်ဆွဲများဖြစ်သည့် (Oiriit)၊ ခနွာကိုယ် အကွယ်အကာအတွက် အင်္ကျီအဖြစ် ဝတ်ဆင်ရသည့် (Hivai)၊ လက်ဝက် လက်စားများအဖြစ် အမျိုးသားများ ကဲ့သို့ပင် Khethawng, khenuu, Kutcuep, Cau စသည်များကိုပင် လှပ နှစ်သက်စွာ ဝတ်ဆင်ကြရသည်။
358
<400
385
ခါးအောက်ပိုင်းတွင် အရှက် လုံရန်ဝတ်ဆင်ရသည့် ဂုန်လျှော်များဖြင့် ယက်လုပ်ထားသော (Hinaak)၊ ခါး၌ ခါးပါတ်များအဖြင့် ဝတ်ဆင်ရသည့် ဂုန်လျှော်၊ ဝါဂွမ်း၊ ငွေကွင်းလေးများဖြင့် စီမံ ပြုလုပ်ထားသော တန်ဆာ (ThawmRui) များနှင့် ခြေကျင်းဝတ်များတွင် ဆင်မြန်းရသည့် ခဲနှင့် ကြေးတန်ဆာများကို လှပစွာ ဆင်မြန်း ကြရသည်။
292
<300
386
အမျိုးသမီးများမှာ မိမိ အိမ်ထောင်တွင်းကိုသာ အဓိက ထား၍ ထိန်းသိမ်းကြသည်ဖြစ်ရာ အသုံးအဆောင်များ အနေဖြင့် ထူးထူးထွေထွေ မရှိလှပေ။
122
<200
387
အိမ်ထောင်တွင်း၌ ခင်ပွန်းသည်နှင့် သားသမီးများ၏ စားဝတ် နေရေးအတွက် စီမံရသည်ဖြစ်ရာ အခြား ဆောင်ရွက်စရာများ မရှိလှပေ။
111
<200
388
ဖခင်ဖြစ်သူမှသာ မိမိ၏ မိသားစုအတွက် အဓိက ဆောင်ရွက်ရသည်။
53
<100
389
ဤသို့ ဆင်မြန်းရသည့် အမျိုးသား၊ အမျိုးသမီးများ၏ အသုံးအဆောင် အဆင် တန်ဆာများကို မိမိတို့ ၏ ရင်သွေးသား/သမီးများ အိမ်ထောင် ပြုကြသောအခါ မိမိဘများ၏ အမွေအဖြင့် ဝေမျှပေးရသည်။
165
<200
390
ထိုသို့ မိဘများ၏ အမွေဖြစ်သဖြင့် သားသမီးများ အနေဖြင့် မျိုးရိုး စဉ်ဆက် မပျောက်ပျက်အောင် တန်ဖိုးထား ထိန်းသိမ်း ကြရသည်။
116
<200
391
ဒိုင် ချင်းလူမျိုးတို့သည် ရှေးပဝေဏသီ ကတည်းကပင် ဂီတအနုပညာနှင့် ရင်းနှီးမှု ရှိကြသည်။
83
<100
392
အဓိက အသုံးပြုကြသည့် တူရိယာ ပစ္စည်းများမှာ သစ်သားနှင့် နွားနောက် သားရေများကို အသုံးပြုကာ ပြုလုပ် တီးမှုတ်ရသည့် ရိုးရာဗုံတို (Tawm) ၄င်းသည် အရွယ်အစား အမျိုးမျိုး ရှိသည်။
167
<200
393
မောင်း (Mawng)၊ ဗူးသီးခြောက်များနှင့် ဝါးများကို အသုံးပြု၍ ဖန်တီး အသုံးပြု တီးမှုတ်ရသည့် လေမှုတ် တူရိယာပစ္စည်း (Thang Paa)၊ Tutu ဟုခေါ်သည့် ထန်ပါး တမျိုး၊ ဗူးသီးခြောက်များနှင့် ဝါးများဖြင့် ပြုလုပ်သည့် (Phrung)၊ ဝါးများဖြင့် အနုစိပ် ဖန်တီး ပြုလုပ်တီးမှုတ်ရသည့် (TangkoiLilet)၊ Raw Shil, Pue Luen, Ving Voeng စသည့် လေမှုတ် တူရိယာများ၊ ဝါးများဖြင့် မွမ်းမံ တီးမှုတ်ရသည့် ကြိုးတပ် တူရိယာ (Ting Toeng) ဟု ခေါ်သည့် ကြိုးတပ် တူရိယာ၊ Raw Tuum, Cing Tawm စသည့် ကြိုးတပ် တူရိယာများ၊ ပွဲလမ်း သဘင်များတွင် ဝိုင်း၍ တီးမှုတ်သည့်အခါ အသုံးပြုကြရသည့် (Bel) နှင့် ရန်သူများ ဝင်လာသည့်အခါ သို့မဟုတ် စစ်ထွက်သည့်အခါ တပ်လှန့်ရာတွင် အသုံးပြု တီးမှုတ်ရသည့် (Auuht) စသည့် တူရိယာများကို အထူး နှစ်သက်စွာ အသုံးပြု တီးမှုတ်ကြသည်။
700
<800
394
ချင်းလူမျိုး တို့၏ ရိုးရာ ယဉ်ကျေးမှုများတွင် လေးစားဖွယ် ယဉ်ကျေးမှုများ မြောက်များစွာ တွေ့ရသည်။
94
<100
395
ယနေ့တိုင် ထင်ရှား၍ လူသိများသည်များလည်း ရှိသကဲ့သို့ တချို့မှာလည်း ခေတ်ရေစီး၏ တိုက်စားမှုကြောင့် တဖြည်းဖြည်း တိမ်ကော ပျောက်ကွယ်သွားသည်များလည်း ရှိသည်။
148
<200
396
ယခင် ကာလများတွင် တွင်ကျယ်စွာ ကျင့်သုံးခဲ့ကြသည့် ဒိုင် ချင်းရိုးရာ ပသိုင်း (Patai) ယဉ်ကျေးမှုသည်လည်း ထိုထို ယဉ်ကျေးမှုတို့ထဲမှ အထူးထင်ရှား၍ လူသိများလှသော ယဉ်ကျေးမှု တစ်ရပ်ပင် ဖြစ်သည်။
182
<200
397
ပသိုင်များ (Patai) ဟူသည် တနည်းအားဖြင့် သွေးရင်း သားရင်းသမျှ ခင်မင်ချစ်ခင်ကြသည့် ယောင်းရင်းများပင် ဖြစ်သည်။
106
<200
398
နိုင်ငံတော် အစိုးရအာဏာ လွမ်းမိုးမှု မရှိသေးသည့် ရှေးကာလများတွင် ချင်းတောင် ဒေသများတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် အုပ်ချုပ် နေထိုင်ခဲ့ကြသည်။
137
<200
399
လက်စားချေသည့် စနစ်၊ သင့်မြတ်မှု မရှိလျင် ရန်ထဖြစ်သည့် ထိုခေတ်အခါများတွင် ပသိုင်း ယဉ်ကျေးမှုသည် များစွာ အကျိုးရှိသော ယဉ်ကျေးမှုပင် ဖြစ်သည်။
138
<200
400
ထိုသို့ ရန်သူများ (ကိုယ်နှင့် သက်ဆိုင်သူ၊ မသက်ဆိုင်သူ) ပေါများလှရာ မိမိနီးစပ်ရာ နီးစပ်ကြောင်း မိတ်ဖွဲ့ကြပြီး အပြန်အလှန် ကူညီခဲ့ကြသည်။
133
<200